သင်၏ပညာရေးကိုရွေးချယ်ပါ
သစတြေးလျတွင်ပညာသင်ယူမည်ဟုရည်ရွယ်ပါက သင့်၏ပညာရေးလမ်းကြောင်းအတွက် ရွေးချယ်နိုင်သည့်အခွင့်အလမ်းများ စွာရှိပါသည်။ ထို့ကြောင့်သင်၏အသက်မွေးဝမ်းကျောင်းပညာရပ် နှင့်ဘ၀ပန်းတိုင်အတွက် အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချပါ။ သင် သင်ယူမည့်ဘာသာရပ်နှင့် သင်တန်းက သင့်အနာဂတ်အသက်မွေးဝမ်းကျောင်းပညာရပ်နှင့် ဘ၀ရည်မှန်းချက်ပန်းတိုင်များကို ပုံဖော်ပေးသွားမည်ဖြစ်သည်။ ထို့ပြင်သင်သည် မြို့ထဲသို့မဟုတ်မြို့ပြင်၊ မည်သည့်နေရာတွင်စာသင် ကြားလိုသည်ကိုလည်း စဉ်းစားထားပါ။ သင်သည်ကောလိပ်ငယ် သို့မဟုတ် ကြီးမားသော ကောလိပ်တွင် တက်ရောက်လိုသလား၊ ဒါမှမဟုတ်တက္ကသိုလ်တွင် တက်ရောက်လိုသလား? မည်သည့်အဆင့် ပညာအရည်အချင်းကိုရယူလိုသလဲ? (လက်မှတ်၊ ဒီပလိုမာ၊ ဒီဂရီ…စသည်) သင်တက်ရောက်လိုသည့် သင်တန်းအား သြစတြေးလျ သို့မဟုတ် နယူးဇီလန်ရှိ နေရာအများအပြား တွင်ကမ်းလှမ်းထားကြောင်း တွေ့ရလိမ့်မည်။ သင်သည်ပူအိုက်သောဒေသ သို့မဟုတ် ချမ်းအေး သောဒေသတွင်နေထိုင်နိုင်သည်က အရေးကြီးသောအချက်တစ်ခုဖြစ်သည်။
ကောလိပ်တိုင်း သို့မဟုတ် တက္ကသိုလ်တိုင်းနှင့် သင်တန်းအသီးသီးတို့တွင် ၄င်းတို့၏ အဆင့်အလိုက် ၀င်ခွင့်လိုအပ်ချက်များရှိသည်ဖြစ်၍ ၀င်ခွင့်ရရှိနိုင်ရန် ယင်းလိုအပ်ချက်များကို သင့်အနေဖြင့် ထည့်သွင်းစဉ်း စားရမည်ဖြစ်သည်။ သင့်တွင်လုံလောက်သော အင်္ဂလိပ်စာတတ်ကျွမ်းမှုမရှိလျှင် အင်္ဂလိပ်ဘာသာသင် တန်းကိုတက်ရောက်ရန်လည်း စဉ်းစားရမည်ဖြစ်သည်။
ပညာသင်စရိတ်
သစတြေးနှင့်နယူးဇီလန်၏ ပညာသင်စရိတ်သည် နိုင်ငံတကာကျောင်းသားများသွားရောက်သော အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်သင့်တော်ပါသည်။ သြစတြေးလျနှင့်နယူးဇီလန်တွင် ကုန်ကျသော ပညာသင်စရိတ်နှင့် နေထိုင်စားသောက်စရိတ်စုစုပေါင်းသည် ယူအက်(စ်)နှင့်ယူကေနိုင်ငံများ ထက် သက်သာပါသည်။ ကျောင်းတိုင်းတွင် သင်တန်းအမျိုးအစားအလိုက် ကုန်ကျစရိတ်ကွဲပြားမှုရှိပါသည်။ လက်ရှိငွေလှဲလှယ်နှုန်းကိုတွက်ချက်သည့်အခါ သြစတြေးလျနှင့် နယူးဇီလန်ရှိပညာသင်စရိတ်များ သည်နိုင်ငံတကာကျောင်းသူကျောင်းသားများအတွက် ပိုမိုသင့်တော်ကြောင်းတွေရမည်ဖြစ်သည်။
အောက်ပါဖော်ပြချက်များသည် လမ်းညွှန်မျှသာဖြစ်သည်။
အင်္ဂလိပ်ဘာသာသင်တန်းများ AUD$150 – AUD$350 (တစ်ပတ်စာ)
အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းများ AUD$5000 – AUD$12000 (တစ်နှစ်စာ)
ဘွဲ့ဒီဂရီ (undergraduate) AUD$10000 – AUD$18000 (တစ်နှစ်စာ)
ဘွဲ့လွန်ဒီပလိုမာ, မဟာ, Ph.D (postgraduate) AUD$12000 – AUD$18000 (တစ်နှစ်စာ)
အင်္ဂလိပ်ဘာသာစကား
သစတြေးလျနိုင်ငံတွင်ELICOS ခေါ်အထူးကြပ်မတ်အင်္ဂလိပ်စာသင်တန်းကို သင်တန်းကျောင်း၁၀၀ ကျော်တွင် သင်တန်းစရိတ်သက်သာစွာဖြင့်သင်ကြားနိုင်ပါသည်။ အချို့သင်တန်းကျောင်းများသည် ပုက္ကလိကကျောင်းများဖြစ်ပြီး အချို့ကျောင်းများသည်အစိုးရပိုင်ကျောင်းများဖြစ်ကြသည်။ ကျောင်းများအားလုံးသည် စနစ်တကျမှတ်ပုံတင်ထားသည့်အဆင့်မြင့်အင်္ဂလိပ်ကျောင်းဖြစ်ကြပြီး အဆင့်မြင့်ဘာသာစကားဗီဒီယို၊ ကွန်ပျူတာနှင့်စာကြည့်တိုက်တို့ဖြင့်ပြည့်စုံစွာဖွဲ့စည်းထားကြသည်။
အင်္ဂလိပ်စာသင်တန်းများအတွက် ၀င်ခွင့်လိုအပ်ချက်ဟူ၍သတ်မှတ်မထားပေ။ Beginner မှ Advanced level အထိသင်တန်းများကမ်းလှမ်းထားပါသည်။ ထို့ပြင်သင်တန်းစတင်ချိန်များကို ငြှိနှိုင်း ၍တက်ရောက်နိုင်သဖြင့် အင်္ဂလိပ်စာသင်တန်းကို အားလပ်ရက်ထား၍လည်းကောင်း၊ အခြားသင်တန်းနှင့် တွဲ၍လည်းကောင်းတက်ရောက်ရန် အဆင်ပြေလှသည်။
အောက်ပါတို့ကိုသင်ယူနိုင်ပါသည်-
• General English (ပြောဆိုဆက်ဆံရေးကို အလေးပေးသင်ကြားသည်)
• English for Academic Purposes (တက္ကသိုလ်သို့ဝင်ခွင့်ရရှိနိုင်ရန်ပြင်ဆင်ခြင်း၊ TAFE သို့မဟုတ် ပုဂ္ဂလိကကောလိပ်များ)
• Examination Preparation (Cambridge, TOFEL သို့မဟုတ် IELTS စသောစာမေးပွဲများအတွက် ပြင်ဆင်ခြင်း)
• Study Toursim (သြစတြေးလျသို့မဟုတ် နယူးဇီလန်နိုင်ငံအကြောင်း လေ့လာရင်းအင်္ဂလိပ်ဘာသာသင်ကြားခြင်း သို့မဟုတ် ဂေါက်ရိုက်ခြင်း၊ မြင်းစီးခြင်း၊ ရေငုပ်ခြင်းနှင့် သင်္ဘောစီးခြင်းတို့ကိုပြုလုပ်ရင်း အင်္ဂလိပ်စာသင်ကြားခြင်း)
ကျောင်းသားများသည်၎င်းတို့၏ အင်္ဂလိပ်စာအရည်အချင်းကိုသိရှိနိုင်ရန်နှင့် မည်မျှဆက်လက်သင်ယူ ရန်လိုအပ်သည်ကိုဆုံးဖြတ်နိုင်ရန် အင်္ဂလိပ်စာအရည်အချင်း စစ်စာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲတွင် အရေး၊ အဖတ်၊ အပြောနှင့် အကြားစွမ်းရည်အားလုံးကို စစ်ဆေးမည်ဖြစ်သည်။ TOFEL (Test of English as a Foreign Language) သည်အာရှတိုက်တွင်အလွန်ရေပန်းစားသော်လည်း သြစတြေးလျရှိကျောင်းများသည် IELTS (International English Testing System) test ကို ပို၍ သဘောကျပါသည်။
High School တွင် TOFEL 500-550 သို့မဟုတ် IELTS 5-6
Certificate သင်တန်းတွင် TOFEL 500-550 သို့မဟုတ် IELTS 5-6
Diploma သင်တန်းတွင် TOFEL 500-550 သို့မဟုတ် IELTS 5-6
Bachelors Degree တွင် TOFEL 550-600 သို့မဟုတ် IELTS 6.0-7.0
Postgraduate တွင် TOFEL 550-600 သို့မဟုတ် IELTS 6.0-7.0
တက္ကသိုလ် (BA, B.Sc, Pg Dip, MA)
သစတြေးလျရှိတက္ကသိုလ်များသည် အရွယ်အစားအားဖြင့် ကျောင်းသား ၃၀၀၀ ဆန့်သည့်ကျောင်းမှ ကျောင်းသား ၃၀၀၀၀ ဆန့်သည့်အထိကြီးသောကျောင်းများ ဟူ၍ကျောင်းအများအပြားရှိပါသည်။ သြစတြေးလျရှိတက္ကသိုလ်များအားလုံးသည် သင်ကြားခြင်းနှင့် သုတေသနပြုခြင်းတို့တွင်အဆင့်မြင့်မားရေးအတွက် စံချိန်စံညွှန်းထားကာထိန်းသိမ်းထားကြပါသည်။ တက္ကသိုလ်အများစုသည်မြို့ကြီးများတွင်တည်ရှိပြီး အချို့တက္ကသိုလ်များသည် တိတ်ဆိတ်အေးချမ်း သောကျေးလက်ဒေသများတွင်တည်ရှိသည်။
တက္ကသိုလ်များတွင်အောက်ပါပညာရေးနယ်ပယ်များကိုကျယ်ပြန့်စွာသင်ယူနိုင်ပါသည်။
• Bachelor Degree
• Graduate Certificate
• Graduate Diploma
• Masters Degree
• Doctorate (PhD)
တက္ကသိုလ်တိုင်းတွင်ကမ်းလှမ်းထားသည့် သင်တန်းအလိုက်ဝင်ခွင့်လိုအပ်ချက်များရှိပါသည်။ သင်တန်းတစ်ခုကိုမစတင်မီ သင့်တွင်အနိမ့်ဆုံးအဆင့်င်္ဂလိပ်စာအရည်အချင်းလိုအပ်ပါသည်။ သင်တန်းအများစုသည် Februaryလတွင်စတင်လေ့ရှိသည်။ သို့သော် Julyလနှင့် Octoberလတို့တွင် စတင်သောသင်တန်းများလည်းရှိသည်။
TAFE
Australian Technical and Further Education (TAFE) ခေါ် သြစတြေးလျနည်းပညာနှင့်အဆင့် မြင့်ပညာရေးသည်အစိုးရပိုင်ပညာရေးစနစ်ဖြစ်ပြီး ပညာရေးနယ်ပယ်အားလုံးနီးပါးကို ကမ်းလှမ်းပေး ပါသည်။ သြစတြေးလျတွင် Certificate, Diploma နှင့် Advanced Diploma အဆင့်သင်တန်းများ ကိုကမ်းလှမ်းပေးသည့် TAFE ကောလိပ်ပေါင်း ၂၃၀ကျော်ရှိပါသည်။ TAFE သင်တန်းများသည် တက္ကသိုလ်သို့ဝင်ခွင့်ရရှိနိုင်ရန် ဦးတည်သွားမည်ဖြစ်ပြီး ကျောင်းသားများသည် ဘွဲ့ဒီဂရီအတန်းတက် ရောက်နိုင်မည့် အမှတ်များကိုရရှိနိုင်မည်ဖြစ်သည်။ အချို့ TAFE သင်တန်းများသည် ရက်သတ္တပတ် အနည်းငယ်အတွင်းသာကြာမြင့်ပြီး အချို့သင်တန်းများသည်သုံးနှစ်ကြာတက်ရောက်ရည့်သင်တန်း များဖြစ်သည်။ အချို့ TAFE ကောလိပ်များသည်မြို့ကြီးပြကြီးများတွင်တည်ရှိပြီး အချို့သည်ကျေး လက်ဒေသတွင်တည်ရှိသည်။ သင်တန်းအများစုသည် ဖေဖော်ဝါရီလတွင်စတင်လေ့ရှိပြီး ဇူလိုင်လ တွင်စတင်သည့်သင်တန်းများလည်းရှိသည်။
TAFE သင်တန်းများသည် သင့်အားအလုပ်အကိုင်ရရှိစေရန်ကူညီပေးမည့်လက်တွေ့ကျသော၊ အတတ်ပညာဆိုင်ရာသင်ကြားမှုများကို အလေးပေးသင်ကြားမည်ဖြစ်သည်။
ပုဂ္ဂလိကနှင့်အထူးကောလိပ်များ
ပုဂ္ဂလိကနှင့်အထူးကောလိပ်များသည် Certificate, Diploma နှင့် Advanced Diploma အဆင့် သင်တန်းများကို ပညာရေးနယ်ပယ်အားလုံးနီးပါးသင်ယူနိုင်ပါသည်။ ဤသင်တန်းများသည်လက်တွေ့ လုပ်ငန်းခွင်တွင်အသုံးပြုနိုင်မည့် လက်တွေ့ပညာရပ်များကိုကျွမ်းကျင်စွာတတ်မြောက်နိုင်ရန် စီစဉ် ရေးဆွဲသင်ကြားပေးခြင်းဖြစ်သည်။ သင်တန်းများသည် ၁၀ ပတ်ကြာသင်တန်းမှ ၃ နှစ်ကြာသင်တန်း ဟူ၍အမျိုးအစားကွာခြားပြီး ကောလိပ်တစ်ခုစီတွင်၎င်း၏ ၀င်ခွင့်လိုအပ်ချက်များသတ်မှတ်ထားသည်။ ပုဂ္ဂလိကနှင့်အထူးကောလိပ်အများစုသည် Credit transfer arrangements ခေါ်ဘွဲ့ဒီဂရီ တက်ရောက်နိုင်ရန်ဝင်ခွင့်အမှတ်များနှင့် တက္ကသိုလ်ပြောင်းရွှေ့အစီအစဉ်များရှိကြသည်။ အောက်ပါ တို့သည် ပုဂ္ဂလိကကောလိပ်သို့မဟုတ် TAFE ကောလိပ်များတွင် သင်ယူနိုင်သည့်သင်တန်းဥပမာအ ချို့ဖြစ်ကြသည်။
• စာရင်းကိုင် (Accounting)
• လေကြောင်း (Aviation)
• စီးပွားစီမံ (Business management)
• ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး (Child Care)
• ကွန်ပျူတာလေ့လာမှုများ (Computer studies)
• ဂရပ်ဖစ်ဒီဇိုင်း (Graphic design)
• ဆံပင်နှင့်အလှအပကုထုံး (Hair and beauty therapy)
• သတင်းအချက်အလက်နည်းပညာ (Informaton Technology)
• Marketing
• ရုံးပိုင်းဆိုင်ရာအုပ်ချုပ်ရေး (Office administration)
• အတွင်းရေးမှူးလေ့လာရေး (Secretarial studies)
• ခရီးသွားခြင်းနှင့်ခရီးသွားလာရေးလုပ်ငန်း (Travel and tourism)
• ဟိုတယ်စီမံခန့်ခွဲမှု (Hospitality and hotel management)
• အခြားသင်တန်းများ…
အထက်တန်းကျောင်းများ
သစတြေးလျအထက်တန်းကျောင်းများသည်ကမ္ဘာ့အဆင့် စံချိန်စံညွှန်းမှီသည့်ပညာရေးကိုကမ်းလှမ်း ပေးသည်။ သြစတြေးလျအစိုးရမှသတ်မှတ်ထားသည့် ပညာရေးစံချိန်စံညွှန်းနှင့် အညီတိုင်းပြည် တစ်ခု လုံးရှိကျောင်းများတွင် ကျင့်သုံးသင်ကြားပေးသည်။ သို့သော်ပြည်နယ်တစ်ခုချင်းစီသည် ၄င်းတွင်ရှိ သောကျောင်းများအတွက်တာဝန်ရှိသည်။
သြစတြေးလျရှိကျောင်းအများစုသည် ပြည်သူပိုင်ကျောင်းများဖြစ်ကြပြီး ခန့်မှန်းချေအားဖြင့် လေးပုံတစ်ပုံသည် ပုဂ္ဂလိကကျောင်းများဖြစ်၍ကျောင်းစရိတ်ကို အပြည့်ပေးရသည်ဖြစ်သည်။ ပုဂ္ဂလိကကျောင်းအများစုသည် ဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသည့်ကျောင်းများ ဖြစ်သည်။ အချို့ကျောင်းများသည် ကျောင်းသားဆောင်များဆောက်လုပ်ပေးထားသည်။
သြစတြေးလျတွင်ကျောင်းထောင်ပေါင်းမကရှိသည်ဖြစ်၍ ဤနေရာတွင်ဖော်ပြရမည် ဆိုလျှင်ဆံ့မည်မ ဟုတ်ပါ။ သင်ကိုယ်တိုင်သင့်လိုအပ်ချက်ကိုလေးနက်စွာစဉ်းစားဆင်ခြင်ရမည်ဖြစ်သည်။ (ကြီးမား သောကျောင်းသို့မဟုတ်သေးငယ်သောကျောင်းတွင်တက်ချင်သလား၊ ဘာသာရေးအခြေခံသည့် ပညာရေးသည်အမှန်တကယ်အရေးကြီးသလား၊ ဘယ်မြို့ကြီးမှာ ဒါမှမဟုတ် မြို့ငယ်မှာသင်နေထိုင် ချင်သလဲ၊ စသည်ဖြင့်…)
သင်တန်းကာလများ
အောက်တွင်ဖော်ပြထားသည်များသည်ညွှန်းတန်းများသာဖြစ်သည်။ သင်တန်းတစ်ခုချင်းစီနှင့်တက္က သိုလ်တစ်ခုချင်းစီအပေါ်မူတည်၍ ကွဲပြားမှုရှိသည်။
Certificate ၆ လ – ၈ လ
ဒီပလိုမာ ၁ နှစ်ခွဲ – ၃ နှစ်ကြာ
ဘွဲ့ဒီဂရီ ၃ နှစ် – ၅ နှစ်ကြာ
ဘွဲ့လွန်ဒီဂရီ ၆ လ
ဘွဲ့လွန်ဒီပလိုမာ ၁ နှစ်
မာစတာဘွဲ့ ၁ နှစ် – ၂ နှစ်ကြာ
PhD ဘွဲ့ ၄ နှစ် – ၅ နှစ်ကြာ
ဝင်ခွင့်လျှောက်ထားနည်း
Bridge Blue website ရှိသတင်းအချက်အလက်များကိုဖတ်ကြားသွားမည်ဆိုလျှင် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
• မည်သည်သင်တန်းမျိုးကိုသင်တက်လိုသလဲ?
• မည်မျှအဆင့်ပညာအရည်အချင်းကိုရယူလိုသလဲ?
• သြစတြေးလျ၏မည်သည့်မြို့ သို့မဟုတ် နယူဇီလန်၏မည်သည့်မြို့တွင်ကျောင်းတက်နေထိုင်လို သလဲ?
• ထို့နောက်သင်၏ပညာရေးနှင့်ဘ၀ရည်မှန်းချက်များအတွက်လိုအပ်သည်များကို ကျွန်တော်တို့အား ဆက်သွယ်ပေးပို့နိုင်ပါသည်။
• ထိုအခါကျွန်တော်တို့သည် အီးမေးလ်မှတဆင့် သြစတြေးလျနှင့်နယူးဇီလန်တွင် ရရှိနိုင်သည့်အခွင့်အ လမ်းများအကြောင်းကို သင့်အားအခမဲ့ အကြံပေးဆွေးနွေးပေးမည်ဖြစ်သည်။
• တက္ကသိုလ်တစ်ခုခု၊ ကောလိပ်တစ်ခုခုသို့မဟုတ်ကျောင်းတစ်ခုခုတွင် တက်ရောက်ရန် သင်ရွေးချယ်ပြီး ပြီဆိုလျှင် Bridge Blue မှကျောင်းဝင်ခွင့်လျှောက်လွှာကိုပြင်ဆင်ပေးမည်ဖြစ်သည်။ ယင်းလျှောက်လွှာ နှင့်အတူတပါးတည်းထည့်သွင်းရန်လိုအပ်သည့် ကျောင်းပညာရေး၊ အင်္ဂလိပ် ဘာသာစကားစွမ်းရည် လိုအပ်ချက်များနှင့် အခြားစာရွက်စာတမ်းများကိုအကြံပေးပြောပြသွားမည်ဖြစ်သည်။ ယေဘုယျအားဖြင့် သင် ယခင်ကတက်ခဲ့သောကျောင်းပညာရေးနှင့်သင် သင်ကြားပြီးသောသင်တန်းလက်မှတ် မိတ္တူများ လိုအပ်ပါသည်။ထို့နောက် သင်၏အင်္ဂလိပ်စာအရည်အချင်း(ဥပမာ IELTS သို့မဟုတ် TOFEL) အောင်လက်မှတ်များနှင့် သင့်ကျောင်းစရိတ်ကိုထောက်ပံ့ပေးမည့်သူ၏ နာမည်၊ အထောက် အထားတို့ကိုလိုအပ်မည်ဖြစ်သည်။
သင့်အားကျောင်းမှလက်ခံလိုက်ပြီဆိုလျှင် Bridge Blue မှ ကျောင်းကမ်းလှမ်းစာ (Letter of Offer) ကို ပို့ပေးမည်ဖြစ်သည်။
သင့်
• Letter of Offer ခေါ်ကျောင်းကမ်းလှမ်းစာကိုသေချာစွာဖတ်ထား၍ ယင်းတွင်ဖော်ပြထားသည့်အင်္ဂ လိပ်စာအရည်အချင်းမြှင့်တင်ခြင်းအစီအစဉ်ကဲ့သို့သော အချက်အလက်များကိုနားလည်ရမည်ဖြစ်သည်။
• သင့်အနေဖြင့် ပထမပညာသင်နှစ်(First Semester)အတွက်ကျောင်းစရိတ်နှင့် မဖြစ်မနေပေး သွင်းရသည့်ဆေးဝါးကုသမှုအာမခံကြေး (နိုင်ငံတကာကျောင်းသားများကျန်းမာရေးအာမခံ OHSC) ကိုပေးသွင်းရမည်ဖြစ်သည်။ သြစတြေးလျတွင်နေထိုင်စဉ်အတွင်း ဆေးဝါးဝယ်ယူရန်သို့မဟုတ် ဆေး ကုသမှုခံယူရန်အတွက်အာမခံငွေဖြစ်သည်။
• ပထမအရစ်ကျောင်းစရိတ်ပေးသွင်းပြီးလျှင် သင့်အား Letter of Confirmation of Enrolment ခေါ် ကျောင်းလက်ခံစာကိုပို့ပေးမည်ဖြစ်သည်။ ကျောင်းသားဗီဇာလျှောက်ထားရန်အတွက်သင့်အနေဖြင့် ကျောင်းကမ်းလှမ်းစာ၊ ကျောင်းလက်ခံစာ နှင့်သင်၏ပထမပညာသင်နှစ်ကျောင်းစရိတ်လက်ခံရရှိစာ တို့ကိုလိုအပ်ပါသည်။
• Bridge Blue မှ ဗီဇာလျှောက်လွှာလျှောက်ထားပုံကိုအကြံပေးမည်ဖြစ်သည်။ ကျောင်းသားဗီဇာရရှိ ရန်အလို့ငှာ ကျန်းမာရေးစစ်ဆေးချက်များပြုလုပ်ရမည်ဖြစ်၍ ဆရာဝန်၏အထူးထောက်ခံစာများ လည်းလိုအပ်မည်ဖြစ်သည်။
• ၄င်းတို့အားလုံးပြီးမြောက်သွားပြီးနောက် ဗီဇာလျှောက်လွှာအောင်မြင်လျှင်သင့်အားအကြောင်းကြား လိမ့်မည် ဖြစ်သည်။ သင်၏ကျောင်းသားဗီဇာသည် သြစတြေးလျတွင်ကျောင်းတက်နေစဉ်ကာလပတ် လုံးအတွက် အကျုံးဝင်ပါသကည်။
• သြစတြေးလျတွင်သင်၏နေထိုင်ရေးနှင့်လေဆိပ်တွင်လာရောက်ကြိုဆိုပေးခြင်းတို့ကို Bridg Blue မှ စီစဉ်ပေးမည်ဖြစ်ပြီး သြစတြေးလျသို့ သင်တန်းစတင်ချိန်နှင့်အညီ မည်သည့်အချိန်ရောက်ရှိအောင် လာရမည်ကိုလည်းပြောပြပေးမည်ဖြစ်သည်။
ကျောင်းသားဗီဇာ
Bridge Blue မှသင်၏ဗီဇာကို မည်သို့လျှောက်ထားရမည်ကိုအကြံပေးမည်ဖြစ်သည်။ သင်၏ဗီဇာရရှိ ရန်အောက်ပါတို့ကိုလိုအပ်ပါသည်။
• ကျောင်းလက်ခံစာ (Letter of Confirmation of Enrolment)
• ကျောင်းစရိတ်လက်ခံရရှိကြောင်းပြေစာ (Letter of Offer Receipt)
• ကျန်းမာရေးကောင်းကြောင်းထောက်ခံသည့်ဆေးစစ်စာ (Medical Report)
• နိုင်ငံတကာကျောင်းသားများကျန်းမာရေးအာမခံ (Overseas Student Health Cover) ကို ပေးဆောင်ပြီးကြောင်းစာရွက်စာတမ်း
သင်သတိပြုထားသင့်သည့် သင်၏ဗီဇာအခြေအနေ
• သင်၏ဗီဇာသက်တမ်းကုန်ဆုံးသည့်အခါ သြစတြေးလျမှထွက်ခွာရမည်
• သင်၏ဗီဇာသည်သြစတြေးလျသို့မဟုတ် နယူးဇီလန်၏အမြဲနေထိုင်ခွင့်ဗီဇာမဟုတ်ပါ
• သင်တက်ရောက်မည့်သင်တန်း၏လိုအပ်ချက်များကိုမှီအောင်လုပ်ဆောင်ပြီးကျောင်းဆက်လက်တက်ရောက်ရမည်ဖြစ်သည်။
• စာသင်ရင်း ရက်သတ္တနှစ်ပတ်တွင် နာရီ ၄၀ အလုပ်လုပ်ခွင့်ရှိပြီး ကျောင်းပိတ်ရက်များတွင်အချိန်ပြည့် လုပ်ခွင့်ရှိသည်။
Streamlined Visa Processing (SVP) သည်လက်တလောတွင်အလွန်ရေပန်းစားသည့်၊ နိုင်ငံတကာ ကျောင်းသားများကို သြစတြေးလျသို့ဆွဲဆောင်နေသည့် ဗီဇာလမ်းစဉ်ဖြစ်သည်။
အာမခံ
ကျန်းမာရေးအာမခံကိုမဖြစ်မနေစီစဉ်ပေးဆောင်ရမည်ဖြစ်သည်။ သြစတြေးလျတွင်နိုင်ငံတကာ ကျောင်းသားများအတွက် အထူးအစီအစဉ်ဖြစ်သည့် Overseas Student Health Cover (OEHS) ခေါ်နိုင်ငံတကာကျောင်းသားများကျန်းမာရေးအာမခံကိုစီစဉ်ပေးထားပြီး ကျောင်းသားဗီဇာနှင့်သြစ တြေးလျတွင်နေထိုင်စဉ်တစ်လျှောက်လုံး ထားရှိရမည်ဖြစ်သည်။ သြစတြေးလျသို့ အလုပ်လုပ်ကိုင်ရန် အားလပ်ရက်ဗီဇာ သို့မဟုတ် ခရီးသွားဗီဇာဖြင့်လာ၍ သင်တန်းတို (၃ လကြာ) သာတက်ရောက် မည်ဆိုလျှင်OSHC ကိုကိုင်ဆောင်ရန်မလိုအပ်ပေ။ အခြားဗီဇာဖြင့်လာရောက်သောကျောင်းသားများ အတွက် ခရီးသွားအာမခံ သို့မဟုတ် ပုဂ္ဂလိကကျန်းမာရေးအာမခံလိုအပ်ပါသည်။