ဧည့်သည်ဗီဇာ(SC600)

သြစတြေးလျနိုင်ငံသို့ အလည်အပတ်လာရောက်လိုပါက SC600ဗီဇာကိုလျှောက်ထား၍ သြစတြေး လျတွင် ၁၂ လ ကြာနေထိုင်နိုင်ပါသည်။ သင်သည်သြစတြေးလျနိုင်ငံအတွင်းတွင်ရှိပါက အွန်လိုင်းမှ တဆင့်ဗီဇာလျှောက်ထားခွင့်ရှိပါသည်။ အချို့သောနိုင်ငံများမှနိုင်ငံသားများကိုလည်း သြစတြးလျ ပြင်ပတွင်ရှိနေစဉ်တွင်ပင် အွန်လိုင်းမှတဆင့်ဗီဇာလျှောက်ထားခွင့်ပြုပါသည်။ သင်၏အခြေအနေအ ပေါ်မူတည်၍ အောက်ဖော်ပြပါလမ်းကြောင်းများထဲမှတစ်ခုကို ရွေးချယ်နိုင်ပါသည်။

ခရီးသွားဧည့်သည်လမ်းကြောင်း : သြစတြေးလျသို့ လေ့လာရေးခရီးအနေဖြင့်လာရောက်လိုသူများ၊ ရုံးပိတ်ရက်အလည်အပတ်လာရောက်လိုသူများနှင့် ခရီးသွားလုပ်ငန်းဖြင့်လာရောက်လိုသူများအ တွက်ဖြစ်သည်။
စီးပွားရေးလုပ်ငန်းလမ်းကြောင်း : သြစတြေးလျသို့ စီးပွားရေးကိစ္စဖြင့်လာရောက်လိုသူများအတွက် ဖြစ်သည်။ ဤလမ်းကြောင်းဖြင့်သြစတြေးလျသို့လာရောက်ပြီး ညီလာခံ၊ ဆွေးနွေးပွဲနှင့်အခြားအလုပ် ကိစ္စနှီးနှောဖလှယ်ပွဲများကို တက်ရောက်နိုင်ပါသည်။

မိသားစုဆပွန်ဆာပေးသည့်လမ်းကြောင်း : ဤလမ်းကြောင်းသည်သြစတြေးလျတွင် ဆွေမျိုးရှိသူများ အတွက်ဖြစ်သည်။ အကယ်၍သင့်တွင် မိဘ၊ အဖိုးအဖွား၊ မွေးချင်း၊ ၀မ်းကွဲမောင်နှမ၊ ဦးလေးသို့ ဟုတ်အန်တီစသည့် သြစတြေးလျမိသားစုဝင်များရှိပါက ဤလမ်းကြောင်းဖြင့်သင့်ဆွေမျိုးများအား တွေ့မြင်နိုင်မည်ဖြစ်သည်။

ETA ဗီဇာ (SC601)

အကယ်၍သင်သည် သြစတြေးလျနိုင်ငံပြင်ပတွင်ရှိနေပြီး အောက်ဖော်ပြပါနိုင်ငံများ : အင်ဒိုရာ၊ သြစတြီးယား၊ ဘရူနိုင်း၊ ကနေဒါ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာအနီ၊ ဂရိ၊ ဟောင်ကောင်(တရုတ် ပြည်၏ SAR)၊ အိုက်စလန်၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ လိုက်တင်ရှတိုင်း၊ လူဇင်ဘတ်၊ မလေးရှား၊ မော်လ်တာ၊ မိုကာနို၊ နော်ဝေး၊ ပေါ်တူကီ၊ ဆန်မာရီနို၊ စင်္ကာပူ၊ တောင်ကိုးရီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ ထိုင်ဝမ်၊ နယ်သာလန်၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စု၊ ဗာတီကန်စီး တီးစသည့်နိုင်ငံများ၏ passport ကိုင် ဆောင်ထားသူဖြစ်လျှင်၃ လကြာ အလည်အပတ်ဗီဇာကို လျှောက် ထားနိုင်သည်။
သင်၏ ETA ဗီဇာသည် ၁၂ လ ကြာအကျုံးဝင်ပါသည်။ သြစတြေးလျသို့လာရောက်လျှင် တစ်ကြိမ် တွင် ၃လ ကြာနေထိုင်ခွင့်ရှိသည်။
သင်၏ခရီးသွားအေဂျင်စီမှ ဗီဇာလျှောက်ထားရာတွင်သင့်ကိုကူညီပေးနိုင်ပါသည်။
သင်သြစတြေးလျတွင်ရှိနေစဉ်တွင် မည်သည့်ဗီဇာလျှောက်လွှာအသစ်ကိုမျှ လျှောက်ထားခွင့်မရှိပါ။

ဆေးဝါးကုသဗီဇာ (SC602)

သင်သည်သြစတြေးလျနိုင်ငံတွင် ဆေးကုသရန် သို့မဟုတ် ဆေးကုသခြင်းနှင့်ပက်သက်၍ညှိနှိုင်း ဆွေးနွေးရန်အစီအစဉ်ရှိပါက ဤဗီဇာကို လျှောက်ထားနိုင်သည်။
ဤဗီဇာသည် ဆေးကုသသည့်ကာလအတွက်အကျုံးဝင်သည်။ ယေဘုယျအားဖြင့်ဤဗီဇာကို သြစတြေးလျနိုင်ငံတွင် ၁၂လကြာအထိနေထိုင်ခွင့်ပြုသည်။ သြစတြေးလျနိုင်ငံပြင်ပတွင် ၃လကြာမျှ သာနေထိုင်ခွင့်ပြုလေ့ရှိသည်။

e Visitor ဗီဇာ (S651)

အကယ်၍သင်သည် သြစတြေးလျပြင်ပတွင်ရှိနေပြီး အောက်ဖော်ပြပါနိုင်ငံများ :အင်ဒိုရာ၊ ဘယ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်တိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ ဟန်ဂေရီ၊ အိုက်စလန်၊ အီတလီ၊ လတ်ဗီးယား၊ လိုက်တင်ရှတိုင်း၊ မော်လ်တာ၊ လစ်သူ၊ လူဇင်ဘတ်၊ မိုနာကို၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ စန်းသမတ္တနိုင်ငံ၊ မာရီနို၊ စလိုဗသမတ္တနိုင်ငံ၊ စလိုဗေးနီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ ယူနိုက်တက်ကင်းဒမ်းစသည့်နိုင်ငံများ မှ Passport ကိုင်ဆောင်ထားသူဖြစ်လျှင် ၃ လ ကြာ ဗီဇာ လျှောက်ထားနိုင်သည်။
ဗီဇာရရှိသည့်နေ့မှ ၁၂ လ အတွင်း သြစတြေးလျသို့အလည်အပတ်လာလျှင် တစ်ကြိမ်တွင် ၃ လ ကြာနေထိုင်ခွင့်ရှိသည်။
သြစတြေးလျတွင်ရှိနေစဉ်တွင်လည်း ဗီဇာအသစ်ကိုလျှောက်ထားနိုင်သည်။

အလုပ်အားလပ်ရက်ဗီဇာ(SC417)

ဗီဇာအမျိုးအစား 417 အရသြစတြေးလျတွင် လည်ပတ်ခွင့်၊ပညာသင်ယူခွင့်နှင့်အလုပ်လုပ်ကိုင်ခွင့်ရှိ သည်။
သင်သည်အသက် ၁၉ နှစ်ကျော်၊ ၃၁ နှစ်အောက်ဖြစ်ရမည်ဖြစ်ပြီး အောက်ဖော်ပြပါနိုင်ငံမျာ :ဘလ်ဂျီယံ၊ ကနေဒါ၊ ဆိုက်ပရပ်စ်၊ ဒန်းမတ်၊ အက်စတိုးနီယား၊ ဖင်လန်၊ ဂျာမနီ၊ ဟောင်ကောင် (ဗြိတိသျှနိုင်ငံ passport ကိုင်ဆောင်သူအပါအ၀င်)၊ အိုင်ယာလန်၊ အီတလီ၊ ဂျပန်၊ ကိုးရီးယား သမ္မတနိုင်ငံ၊ မော်လ်တာ၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင်၊ ထိုင်ဝမ်နှင့်ယူနိုင်တက်ကင်းဒမ်း စသည့် နိုင်ငံများ၏ Passport ကိုင်ဆောင်ထားသူဖြစ်လျှင် ဤဗီဇာကိုလျှောက်ထားနိုင်သည်။
ဤဗီဇာသည် သင့်အားသြစတြေးလျတွင် ၂၄ လ အထိ အလုပ်လုပ်ကိုင်ခွင့်နှင့်ခရီးသွားလာခွင့်ပြုမည် ဖြစ်သည်။

အလုပ်နှင့်အားလပ်ရက်ဗီဇာ(SC462)

ဗီဇာအမျိုးအစား 462 ဖြင့် သြစတြေးလျတွင် လည်ပတ်ခွင့်၊ ပညာသင်ယူခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရှိသည်။

သင်သည်အသက် ၁၉ နှစ်ကျော်၊ ၃၁ နှစ်အောက်ဖြစ်ပြီး အောက်ဖော်ပြပါနိုင်ငံများ : အာဂျင်တီးနား၊ ဘင်္ဂလားဒေ့ရှ်၊ ချီလီ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပိုလန်၊ ပေါ်တူကီ၊ စပိန်၊ ထိုင်း၊ ယူအက်စ်အေနှင့် ဥရူဂွေးနိုင်ငံစသည့်နိုင်ငံများ၏ Passport ကိုင်ဆောင်ထားသူဖြစ်လျှင် ဤဗီဇာကိုလျှောက်ထားနိုင် သည်။
သင်နေထိုင်ရာနေရာအပေါ်မူတည်၍ ကွဲပြားသောပညာအရည်အချင်းလိုအပ်ချက်များကို တောင်းဆို ခြင်းခံရလိမ့်မည်။ (အထက်တန်းကျောင်းသို့မဟုတ် ဒီပလိုမာသို့မဟုတ် ဘွဲ့ဒီဂရီ)
သင့်တွင်လက်တွေ့အသုံးဝင်သော အင်္ဂလိပ်စာအရည်အချင်းရှိကြောင်းပြသရမည်။ (ဥပမာ- IELTS 4.5)
ဤဗီဇာသည်သင့်အားသြစတြေးလျနိုင်ငံတွင် ၁၂ လကြာအထိအလုပ်လုပ်ကိုင်ခွင့်နှင့် ခရီးသွားလာ ခွင့်ပြုမည်ဖြစ်သည်။