Bridge Blue မှ လှိုက်လှဲစွာ ကြိုဆိုပါသည်

Bridge Blue Global သည် ပညာရေး၊ ရွှေ့ပြောင်းနေထိုင်ရေးနှုင့် Internship များအတွက် နိုင်ငံတကာ အေဂျင်စီဖြစ်သည်။ Bridge Blue သည် နိုင်ငံတကာကျောင်းသားစုဆောင်းမှုနှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အေဂျင်စီအဖြစ် အခိုင်အမာရပ်တည်ခဲ့ပြီးဖြစ်သည်။ ပညာသင်ကြားရာဌာနပေါင်း ၄၀၀ ကျော်ကို ကိုယ်စားပြုသည့် ရုံးချုပ်သည် Sydney မြို့တွင်တည်ရှိ ပြီး နိုင်ငံတကာတွင်လည်း ရုံးခွဲများဖွင့်လှစ်ထားသည်။ Bridge Blue တွင် သွက်လက်ထက်မြက်သည့်အပြင် ဘာသာစကားပေါင်း ၂၀ ကျော်ကို ကျွမ်းကျင်စွာပြောဆိုနိုင်၍ ပညာရေးနှင့် ရွှေ့ပြောင်းနေထိုင်ရေးဆိုင်ရာ ကိစ္စအ၀၀တွင် အတွေ့အကြုံရင့်သူများဖြစ်သော ပညာရေးအတိုင်ပင်ခံများနှင့် ကျောင်းဝင်ခွင့်ဆိုင်ရာတာဝန်ခံများအဖွဲ့ရှိပြီး လူမျိုးစုပေါင်း ၆၅ မျိုး ထက်မကသော ကျောင်းသူကျောင်းသားများနှင့် client မျာအား အောင်အောင်မြင်မြင်အကူအညီ ပေးခဲ့ပြီးဖြစ်သည်။
ကျွန်တော်တို့စီမံခန့်ခွဲမှုအဖွဲ့များသည် ၄င်းတို့နှင့်သက်ဆိုင်ရာကဏ္ဍများတွင် အရည်အချင်းပြည့်ဝသူ များဖြစ်ကြသည့်အတွက် ကျွန်တော်တို့၏၀န်ဆောင်မှုများသည် နိုင်ငံတကာအဆင့်မှီကြောင်း ပေါ်လွင်ထင်ရှားစေပါသည်။

Company ၏ ရည်ရွယ်ချက်များ

  • Clients များအားဗီဇာစာရွက်စာတမ်းများနှင့် မိမိတို့ပညာသင်ကြားလိုရာနိုင်ငံနှင့် မိမိတို့ကူးပြောင်း လိုရာနိုင်ငံကို ကူးပြောင်းနိုင်ရန်ကူညီပေးရန်။
  • ကျွန်တော်တို့၏ ပရော်ဖက်ရှင်နယ်စီးပွားရေးကို နိုင်ငံတကာအဆင့်ပူးပေါင်းလုပ်ငန်းအဖြစ် တိုးမြှင့် ဆောင်ရွက်ရန်။
  • ရိုးသားမှု၊ သမာဓိနှင့်အတူ အကောင်းဆုံးဝန်ဆောင်မှုကိုပေးရန်။
  • နိုင်ငံရပ်ခြား၏ လူနေထိုင်မှုစနစ်၊ ကုန်ကျစရိတ်များနှင့် ပက်သက်၍ အကြံဉာဏ်ပေးရန်။
  • Clients များနှင့် ပုံမှန်အဆက်အသွယ်လုပ်ပြီး နိုင်ငံရပ်ခြားတွင်ပညာသင်နေစဉ် အထွေထွေမေးခွန်းများ သို့မဟုတ် အခက်အခဲတစ်စုံတစ်ရာရှိပါက အကူအညီပေးရန်။
  • ကျွန်တော်တို့၏ လုပ်ငန်းကို ကျွမ်းကျင်မှုဖြင့်တည်မြဲအောင် ထိန်းသိမ်းရန်။
  • ပညာရေးဌာနများနှင့် လုပ်ဖော်ကိုင်ဖက်များနှင့် ကျွန်တော်တို့ ချုပ်ဆိုထားသောစာချုပ်ထဲရှိ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်။
  • ကျွန်တော်တို့ရုံး၏ တစ်ကမ္ဘာလုံးဆိုင်ရာကွန်ရက်မှတဆင့် ပညာရေး၊ လက်တွေ့ဆင်းခြင်းနှင့် ရွှေ့ပြောင်းနေထိုင်မှုတို့ကို မြှင့်တင်ရန်။

ကျွန်တော်တို့၏အောင်မြင်မှု ရာခိုင်နှုန်း

ကျောင်းသားဗီ 96
အရည်အသွေးမြင့်အလုပ်သမားရွှေ့ပြောင်းနေထိုင်မှုဗီဇာ 97
Partnerဗီဇာ 99
အလုပ်ရှင်စပွန်ဆာဗီဇာ 95
အခြားဗီဇာများ 98

Bridge Blue Global ပညာရေးမှ တက်ရောက်သင့်သည့် သင်တန်းများ၊ လေ့လာရေးအစီအစဉ်များ၊ ကျောင်းများ၊ ကောလိပ်များ နှင့် တက္ကသိုလ်များနှင့် ပက်သက်၍အကြံပေးဆွေးနွေးပေးသည်။ သင်၏လိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်မည့် အကောင်းဆုံးသင်တန်း၊ အစီအစဉ်နှင့် ကျောင်းကို ရွေးချယ်နိုင်ရန်ကူညီပေးမည်ဖြစ်သည်။ ကျွန်တော်တို့ Bridge Blue အကြောင်းနှင့် ၀န်ဆောင်မှုများ ကို ပို၍သိလိုလျှင် ကျွန်တော်တို့ကိုဆက်သွယ်ပါ။

သင်၏ပညာရေးအတွက်ရွေးချယ်နိုင်သည့် အခွင့်အရေးများ

  • အထက်တန်းကျောင်း
  • တက္ကသိုလ် (ဘွဲ့ကြိုသို့မဟုတ်ဘွဲ့လွန်)
  • လုပ်ငန်းခွင်အထူးပြုကျောင်း သို့မဟုတ် ပုဂ္ဂလိကကောလိပ်
  • TAFE
  • ပြည်ပပညာရေးလေ့လာမှုအစီအစဉ် (Semesterတစ်ခုသို့မဟုတ်တစ်နှစ်)
  • အခြားပညာရေးအစီအစဉ်

ဆက်လက်မဆောင်ရွက်မီစဉ်းစားရမည့်အချက်များ

  • မည်မျှ level ရှိသောပညာအရည်အချင်းကိုသင်ရရှိလိုသလဲ?
  • မည်သည့်နိုင်ငံ၊မည်သည့်ပြည်နယ် သို့မဟုတ် မည်သည့်မြို့တွင်သင်ပညာသင်လိုသလဲ?
  • မည်သည့်ပညာရပ်နယ်ပယ်ကိုသင်စိတ်ဝင်စားသလဲ?
  • သင်၏အသက်မွေးကျောင်းလုပ်ငန်းပန်းတိုင်
  • သင်၏အင်္ဂလိပ်စာအရည်အချင်း (အင်္ဂလိပ်စာသည်သင်၏ First Language မဟုတ်ခဲ့လျှင်)
  • သင်၏ငွေသုံးစွဲနိုင်မှုပမာဏ
  • ရွေးချယ်ထားသောနိုင်ငံတွင်အချိန် မည်မျှကြာပညာသင်ယူလိုသလဲ?

ကျွန်တော်တို့၏အကြံဉာဏ်နှင့် သတင်းအချက်အလက်များပေးခြင်းသည် ကျွန်တော်တို့၏ရည်မှန်း ချက်ပင်ဖြစ်၍ ဘက်လိုက်ခြင်းလုံးဝမရှိပါ။ ကျွန်တော်တို့သည်ဆန္ဒမှာ ကျောင်းသားများနှင့် client များအားအ ကောင်းဆုံးနှင့် အပြည့်စုံဆုံးသတင်းအချက်အလက်ကို ပေးခြင်းဖြစ်သည်။ သင်ဆုံးဖြတ်ချက်ချနိုင်ရန် ကျွန်တော်တို့က ဆွေးနွေးအကြံဉာဏ်ပေးခြင်းဖြင့် ကူညီမည်ဖြစ်သည်။ ထို့နောက်ကျောင်းဝင်ခွင့်လျှောက်ထားခြင်းကို အစအဆုံးကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။