အလုပ်ရှင်၏ဆန်ခါတင်စာရင်းဝင်အလုပ်သမားဗီဇာ

သစတြေးလျအလုပ်ရှင်များသည်၎င်းတို့၏စီးပွားရေးကို ဥပဒေနှင့်လျော်ညီစွာလုပ်ကိုင်နေသရွေ့ နိုင် ငံခြားလုပ်သားများကိုအမြဲတမ်းဗီဇာဖြင့်ဆပွန်ဆာပေးကာခေါ်ယူခွင့်ရှိပါသည်။ ဤနိုင်ငံခြားလုပ်သား ဆပွန်ဆာပေးကာခေါ်ယူသည့်အစီအစဉ်သည် သြစတြေးလျနိုင်ငံသားအလုပ်သမားများကြားတွင် ကျွမ်းကျင်အလုပ်သမားလိုနေခြင်းကြောင့်အခက်တွေ့ခြင်းမဖြစ်ရအောင် နိုင်ငံခြားမှကျွမ်းကျင်အ လုပ်သမားများကိုခေါ်ယူခြင်းဖြစ်သည်။
အလုပ်ရှင်ဆပွန်ဆာပေးသည့်အလုပ်သမားဗီဇာနှစ်မျိုးမှာ-
• အလုပ်ရှင်အမည်ခံအစီအစဉ် (ENS) subclass 186
• ဒေသဆိုင်ရာရွှေ့ပြောင်းမှုဆပွန်ဆာအစီအစဉ် (RSMS) subclass 187

ENS ဖြင့်သွားလျှင်သြစတြေးလျတစ်နိုင်ငံလုံးရှိ ရာထူးနှင့်နေရာလွတ်များအတွက်လျှောက်ထားနိုင်ပြီး RSMS ဖြင့်လျှောက်ထားလျှင် လူနည်းသောဒေသ၊ သီးသန့်ဖြစ်သောနေရာများကိုသာလျှောက်ထား နိုင်မည်ဖြစ်သည်။

ENS

အလုပ်ရှင်အမည်ခံအစီအစဉ်(ENS)သည် ကျွမ်းကျင်သူများအတွက်သြစတြေးလျ၏မည်သည့်နေရာ တွင်ဖြစ်ပါစေအမြဲတမ်းဗီဇာလျှောက်ထားခွင့်ပေးသည်။ လျှောက်ထားသူသည်သြစတြေးလျပြင်ပ သို့မဟုတ် သြစတြေးလျနိုင်ငံအတွင်းတွင်ရှိနေစဉ် subclass 186 ဖြင့်သာလျှောက်ထားနိုင်မည်ဖြစ် သည်။ ENS ကိုဆောင်ရွက်ရန် အဆင့်နှစ်ဆင့်ရှိပါသည်။ ပထမအဆင့်အဖြစ်အလုပ်ရှင်မှ တရားဝင် အတည်ပြုချက်ရရှိရန်သက်ဆိုင်ရာဌာနတွင် လျှောက်ထားရမည်ဖြစ်သည်။ ဒုတိယအဆင့်မှာစာရင်း သွင်းထားသည့်အလုပ်သမားမှ ဗီဇာအတွက်သီးခြားလျှောက်ထားစာကိုပြုလုပ်ရမည်ဖြစ်သည်။
စာရင်းသွင်းလျှောက်ထားရန် လမ်းကြောင်းသုံးမျိုးရှိပါသည်:
၁။ ယာယီရွှေ့ပြောင်းနေထိုင်ခြင်းလမ်းကြောင်း (TRT)
၂။ တိုက်ရိုက်ဝင်ခွင့်လမ်းကြောင်း (DE)
၃။ အလုပ်သမားသဘောတူစာချုပ်ချုပ်ဆိုခြင်းလမ်းကြောင်း (Agreement)
တို့ဖြစ်သည်။

ယာယီရွှေ့ပြောင်းနေထိုင်ခြင်းလမ်းကြောင်း(TRT) သို့မဟုတ်တိုက်ရိုက်ဝင်ခွင့်လမ်းကြောင်း (DE) ဖြင့် လျှောက်ထားခြင်းအပေါ်မူတည်၍ စာရင်းသွင်းစံနှုန်းသတ်မှတ်ထားခြင်း ကွဲပြားမှုရှိသည်။ လွန်ခဲ့ သော ၂ နှစ်သို့မဟုတ် ၃ နှစ်အချိန်တွင် 457 ဗီဇာဖြင့်လျှောက်ထားဖူးသူများသည် ယာယီ ရွှေ့ပြောင်းနေထိုင်ခြင်းလမ်းကြောင်း (TRT) ဖြင့်လျှောက်ထားနိုင်ပါသည်။ ဤဗီဇာလမ်းကြောင်း သည်ဗီဇာ လျှောက်ထားသူများအတွက် အသင့်တော်ဆုံးဖြစ်ပါသည်။ အကယ်၍သင်သည် သြစတြေးလျတွင် အလုပ်လုပ်ကိုင်ဖူးသူမဟုတ်လျှင် တိုက်ရိုက်ဝင်ခွင့်လမ်းကြောင်း (DE) ဖြင့် လျှောက်ထားရန်လိုအပ်ချက် များနှင့်ပြည့်စုံရမည်ဖြစ်သည်။ တိုက်ရိုက်ဝင်ခွင့်လမ်းကြောင်း (DE) ဖြင့် လျှောက်ထားသူသည်အသက် ၅၀ အောက်ရှိရမည်ဖြစ်ပြီး ဗီဇာလျှောက်ထားချိန်တွင် IELTS 6.0ရှိရမည်ဖြစ်သည်။

RSMS

ဒေသဆိုင်ရာရွှေ့ပြောင်းမှုအစီအစဉ် (RSMS) သည် လူဦးရေနည်းသောဒေသများတွင် ဒေသခံများ အနေဖြင့်မတတ်စွမ်းသောအရာများကို ဆောင်ရွက်ပေးရန် လစ်ဟာသောနေရာများတွင်ကျွမ်းကျင် ပညာရှင်များအား သြစတြေးလျအလုပ်ရှင်များမှခေါ်သွင်းထားခြင်းဖြစ်သည်။ RSMSလျှောက်လွှာ များသည် သတ်မှတ်ညွှန်းတမ်း ၅၀၊ အပိုဒ်ခွဲ ၄၉၉ နှင့်အညီလုပ်ဆောင်ခြင်းဖြစ်ပြီး ဦးစားပေး ဆောင်ရွက်လေ့ရှိသည်။
သြစတြေးလျရှိမည်သည့်အလုပ်ရှင်မဆိုမိမိလုပ်ငန်းကို ဥပဒေနှင့်အညီလုပ်ဆောင်နေသရွှေ့ ဤအစီ အစဉ်တွင်ပါဝင်နိုင်ပြီး လိုအပ်သည့်အချက်များပြည့်စုံရန်နှင့် လုပ်ငန်းဧရိယာတွင်ဖြည့်မည့်နေရာ သည် RSMS တွင်အကျုံးဝင်ရမည်ဖြစ်သည်။

သြစတြေးလျ၏ဒေသအလိုက် ကို ပြန်တမ်းသက္ကေတများဖြင့် သတ်မှတ်ထားပါသည်။ Sydney, Wollon-gong, Newcastle, Melbourne, Brisbane နှင့် Gold Coast စသည့်မြို့ကြီးမှအပ သြစတြေးလျ၏အခြားဒေသများသည် လတ်တလောတွင် RSMS အစီအစဉ်ဖြင့်ဖုံးလွှမ်းလျက်ရှိသည်။ ENS နှင့် RSMS အစီအစဉ်များတွင် ယာယီရွှေ့ပြောင်းနေထိုင်ခြင်းလမ်းကြောင်း၊ တိုက်ရိုက်ဝင်ခွင်း လမ်းကြောင်းနှင့် သဘောတူစာချုပ်ချုပ်ဆိုခြင်းလမ်းကြောင်းဟူ၍ ကွဲခြားသောလမ်းကြောင်း၃မျိုး ပါဝင်ပါသည်