အထွေထွေအရည်အသွေးမြင့်အလုပ်သမားရွှေ့ပြောင်းနေထိုင်မှုဗီဇာ

သြစတြေးလျနိုင်ငံစတင်တည်ရှိလာကတည်းက ကျွမ်းကျင်သည့်ရွှေ့ပြောင်းအလုပ်သမားများ လိုအပ် ခဲ့ပါသည်။ မကြာသေးမီကပြုလုပ်ခဲ့သော လေ့လာမှုအရလည်း သြစတြေးလျနိုင်ငံ၏စီးပွားရေးသည် နိုင်ငံရပ်ခြားမှကျွမ်းကျင်ရွှေ့ပြောင်းအလုပ်သမားများမရှိခဲ့လျှင် ဤမျှဖွံ့ဖြိုးတိုးတက်လာနိုင်မည် မဟုတ်ကြောင်းဖော်ပြထားသည်။ General Skilled Migration Visa (GSM) ခေါ် အထွေထွေအရည် အသွေးမြင့်အလုပ်သမားရွှေ့ပြောင်းနေထိုင်မှုဗီဇာသည် သြစတြေးလျနိုင်ငံတွင်လိုအပ်လျက်ရှိသော နည်းပညာရပ်များကိုပိုင်ဆိုင်ကြသည့် လူငယ်များအတွက် စီစဉ်ထားသည့်ပရိုဂရမ်ပင်ဖြစ်သည်။
GSM ဗီဇာကိုလျှောက်ထားသူတိုင်းသည် အခြေခံကျသော သို့မဟုတ် ၀င်ခွင်စံနှုန်းသတ်မှတ်ချက်များ နှင့်ကိုက်ညီရန်လိုအပ်ပါသည်။
လျာထားခြင်းခံရသောအရည်အသွေးမြင့်အလုပ်သမားစာရင်းဝင်တစ်ဦးဖြစ်ရန် စည်းကြပ်သော အကဲဖြတ်ခြင်းခံရမည်။

• အသက် : ယေဘုယျအားဖြင့် လျှောက်ထားသူများသည်အသက် ၁၈ နှစ်မှ ၄၉နှစ်အတွင်း ဖြစ်ရမည်။

• အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု : လျှောက်ထားသူများသည် အင်္ဂလိပ်ဘာသာအရည်အချင်း အကဲဖြတ်စာမေးပွဲကို ဖြေဆိုရလေ့ရှိသည်။

• လျှောက်ထားသူများသည်GSM လျှောက်လွှာကိုမလျှောက်ထားမီ အင်တာနက်အသုံးပြုနိုင်သည့် စွမ်းရည်ကိုပြသရမည်ဖြစ်ပြီး ဗီဇာလျှောက်ထားရန်ကမ်းလှမ်းမှု ရရှိထားရမည်ဖြစ်သည်။

• အချို့ကိစ္စများတွင် သြစတြေးလျတွင် ၂နှစ်မျှပညာသင်ကြားထား အရည်အချင်းရှိရန် လိုအပ် ပါသည်။
လျှောက်ထားသူများကိုသြစတြေးလျပြည်နယ်မှ ဆပွန်ဆာပေးနိုင်ပါသည်။ ပြည်နယ်တိုင်းတွင်း၎င်း၏ ကိုယ်ပိုင်စာရင်းနှင့် စံချိန်စံနှုန်းများရှိကြပါသည်။

GSM ဗီဇာလျှောက်ထားသူများသည် GSMစာမေးပွဲရမှတ်များတွင် သင့်တော်သောအောင်မှတ် ရရှိရန် လိုအပ်သဖြင့် GSM ဗီဇာများကို ရမှတ်စစ်ဗီဇာများဟုခေါ်လေ့ရှိသည်။

ရမှတ်များစစ်ဆေးခြင်း

လျှောက်ထားသူအားလုံးသည်ဗီဇာအောင်မြင်ရန် GSMရမှတ်စစ်စာမေးပွဲတွင် အမှတ်၆၀မျှရရှိရန်လို အပ်ပါသည်။ အောင်မှတ်ကိုရရှိလျှင် SC189ဗီဇာ(မှီခိုမဟုတ်သောအမြဲတမ်းဗီဇာ) ကိုလျှောက်ထား နိုင်မည်ဖြစ်သည်။ အောင်မှတ်မမှီဘဲအနည်းငယ်အောက်ရောက်လျှင် ပြည်နယ်အစိုးရ၏ဆပွန်ဆာအ တွက်လျှောက်ထားနိုင်ပါသည်။

SC190 (လျာထားသောအမြဲတမ်းဗီဇာ)

• သြစတြေးလျအစိုးရဆပွန်ဆာအတွက် လျှောက်ထားလျှင် ၅မှတ်ရရှိမည်ဖြစ်သည်။
• SC190 ဗီဇာရရှိချိန်တွင် လျှောက်ထားသူသည် ဆပွန်ဆာပေးသည့်ပြည်နယ်တွင် နေထိုင်ရန် လိုအပ်ပါသည်။

SC489 (လျာထားသော သို့မဟုတ်ယာယီဆပွန်ဆာဗီဇာ)

• လျှောက်ထားသူသည် ပြည်နယ်အစိုးရ သို့မဟုတ် ယင်းပြည်နယ်တွင်နေထိုင် သူဆွေမျိုးတစ်ဦးမှ ဆပွန်ဆာပေးသည်ဆိုလျှင် ၁၀ မှတ်ရရှိမည်ဖြစ်သည်။
• ဤဗီဇာသည်လျှောက်ထားသူအနေဖြင့် လျှောက်ထားသည့်ပြည်နယ်တွင် ၄နှစ်လုံးလုံးပညာသင်၍ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည်။ ထို့အပြင်လူတစ်ဦးလျှင်ဤဗီဇာကို ၂ကြိမ်လျှောက်ထားခွင့်ရှိပါ သည်။

ဗီဇာလျှောက်လွှာ

EOI ကိုအခြေခံ၍ GSMဗီဇာကိုလျှောက်ထားနိုင်ပါသည်။ လျာထားသောဗီဇာလျှောက်လွှာများထဲမှ အကောင်းဆုံးများသည် ကျွမ်းကျင်အလုပ်သမားဗီဇာလျှောက်ထားရန် ခေါ်ယူခြင်းခံရမည်ဖြစ်သည်။ GSM ဗီဇာကိုလျှောက်ထားသူသည် ၄င်းတို့သွားလိုရာပြည်နယ်နှင့်ဒေသကိုလည်း EOI တွင်ဖော်ပြ ထား၍ရပါသည်။ လျှောက်ထားသူသည်၎င်းတို့ရွေးချယ်လိုသည့်နေရာ သို့မဟုတ် ပြည်နယ်များကို ဖော်ပြပိုင်ခွင့်ရှိသည်။
အကယ်၍လူတစ်ဦးသည် ဗီဇာလျှောက်ထားရန်ကမ်းလှမ်းခြင်းခံရလျှင် (ကမ်းလှမ်းစာရရှိသည့်နေ့ မှစ၍) ရက်ပေါင်း ၆၀ အတွင်း ဗီဇာလျှောက်လွှာကိုအွန်လိုင်းမှ တဆင့်လျှောက်ထားရမည်ဖြစ်သည်။
ရက်ပေါင်း ၆၀ ကျော်လွန်ပြီးနောက် လျှောက်ထားသောလျှောက်လွှာများကို လက်ခံမည်မဟုတ်ပေ။

အကယ်၍လူတစ်ဦးသည် ကမ်းလှမ်းစာကိုနှစ်ကြိမ်တိုင်တိုင်ရရှိသော်လည်း ဗီဇာလျှောက်ထားခြင်းမရှိ ပါက သူ၏ EOI ကိုDatabase ခေါ်အချက်အလက်ထိန်းသိမ်းစာရင်းမှ ပယ်ဖျက်ခြင်းခံရမည်ဖြစ် သည်။