ပညာရေးစနစ်

နယူးဇီလန်၏ ပညာရေးစနစ်မှာ မူလတန်းနှင့် အထက်တန်းကျောင်းများ၊ တက္ကသိုလ်များ၌ တတိယ အဆင့်သင်ကြားမှု (သို့မဟုတ်) လက်တွေ့အသုံးချနည်းပညာကဲ့သို့သော ပညာသင်စနစ်များ ပါဝင်သော three-tire model ပုံစံမျိုး ဖြစ်ပါသည်။ နယူးဇီလန်၏ ပညာသင်နှစ်များသည်ကျောင်းများ အကြားကွဲပြားမှုများရှိသော်လည်း ယေဘူယျအားဖြင့် မူလတန်း၊ အထက်တန်းကျောင်းများနှင့် လက်တွေ့အသုံးချနည်းပညာကျောင်းများအား ဇန်န၀ါရီလ၏ လကုန်ပိုင်းမှစ၍ ဒီဇင်ဘာလလယ်တိုင် အောင် ဖွင့်လှစ်ကာ တက္ကသိုလ်များအတွက်မူ ဖေဖော်ဝါရီလနှောင်းပိုင်းမှ နိုဝင်ဘာလလယ်တိုင် အောင် ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

ရရှိနိုင်သော အောင်လက်မှတ် အမျိုးအစားများ

ရရှိနိုင်သော အောင်လက်မှတ် အမျိုးအစားများ
အားလုံးသော အောင်လက်မှတ်များသည် New Zeland Qualifications Framework (NZQF) မှအသိအမှတ်ပြု လက်ခံသော certificate, diploma (သို့မဟုတ်) degree အောင်လက်မှတ်များပင် ဖြစ်သည်။ အောင်လက်မှတ်ဆိုသည်မှာ level များစွာပါဝင်လျက် ထို level တစ်ခုစီ၌လိုအပ်သော credit များ၏အရေအတွက်များအား စာရင်းပြုစုထားသော မှတ်ကျောက်တစ်ခုပင်ဖြစ်သည်။ ယင်း အောင်လက်မှတ် အမျိုးအစားများအား အောက်တွင်လေ့လာနိုင်ပါသည်။

• Certificate
• Diploma
• Bachelor’s Degree
• Graduate Certificate
• Graduate Diploma
• Bachelor Honours Degree
• Postgraduate Certificate
• Postgraduate Diploma
• Master’s Degree
• Doctoral Degrees

အောင်လက်မှတ်များ၏ level များ

New Zealand Qualifications Framework (NZQF) တွင် level ဆယ်ခုရှိပါသည်။ ထိုLevel များအားလုံးသည် ခက်ခဲနက်နဲသော သင်ရိုးညွှန်တမ်းများ ပေါ်တွင် အခြေခံထားသည်။ level 1 မှာ အလွယ်ကူဆုံးဖြစ်ကာ level 10 မှာအခက်ခဲဆုံးဖြစ်သည်။ NQZF ၏ အောင်လက်မှတ်များအားလုံး သည် ယင်း level 10 ခုထဲမှတစ်ခုဖြစ်လေ့ရှိသည်။

နိုင်ငံတကာကျောင်းသားများအား ဂရုစိုက်စောင့်ရှောက်မှု : စောင့်ရှောက်မှုများအား အမှန်တကယ် လက်တွေ့လုပ်ဆောင်ရမည့် စည်းမျဉ်းစည်းကမ်း

နိုင်ငံတကာမှ ကျောင်းသားများသည် နယူးဇီလန်တွင် ပညာသင်ကြားရန် ရောက်ရှိလာသည်နှင့် တပြိုင်နက် Education providers များအနေဖြင့် ထိုကျောင်းသားများ၏ ပညာရေးတိုးတက်မှု၊ လုံခြုံမှုနှင့် နေထိုင်စဉ်အတွင်း ကောင်းမွန်စွာဂရုစိုက် စောင့်ရှောက်ရန်မှာအရေးကြီးသော တာဝန်တစ်ရပ်ပင်ဖြစ်ပါသည်။
ထိုအရာများအားပြုလုပ်နိုင်ရန်ဟုရည်ရွယ်ကာ နယူးဇီလန်အစိုးရမှ စည်းမျဉ်းစည်းကမ်းတစ်ခု ကိုချမှတ်ခဲ့ပါသည်။

ထိုစည်းမျဉ်းမှာ Education providers များနှင့် ကျောင်းသားများ၏ အေးဂျင့်များမှ တစ်ဆင့် ကျောင်းသားများအား ထောက်ပံ့ပေးနိုင်သော စာရွက်စာတမ်းပင်ဖြစ်ပါသည်။

၎င်းသည် ကျောင်းသားများ၏ မှန်ကန်သောလမ်းကြောင်းများအား ရွေးချယ်လုပ်ဆောင်မှုတွင် ထောက်ပံ့ပေးကာ အကြံဥာဏ်နှင့် စောင့်ရှောက်မှုများပေးနိုင်သော အနိမ့်ဆုံးစံချိန်စံညွှန်းတစ်ခု ဖြစ်ပါသည်။ အကယ်၍ ဆေးကုသမှုခံယူရန်နှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုများရှိလာပါက ၎င်းတို့၏ Education provider များ (သို့မဟုတ်) အေးဂျင့်များမှတစ်ဆင့် ကျောင်းသားများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို လက်ခံရရှိမည်ဖြစ်သည်။