ကနေဒါနိုင်ငံတွင် မည်သည့်ဘာသာရပ်ကို သင်ယူလိုပါသလဲ?

ကနေဒါနိုင်ငံ၏ အနောက်ဘက်ကမ်းရိုးတန်းတွင်အံ့သြဖွယ်ကောင်းသော အဏ္ဏ၀ါဇီဝဗေဒ ပညာရပ်များ၊ Quebec တွင် ပြင်သစ်-ကနေဒါ နိုင်ငံသားများ၏ သမိုင်းကို လေ့လာသင်ယူနိုင်သော ပညာရပ်များ၊ (သို့မဟုတ်) Halifax တွင်အချက်အပြုတ်နှင့် သက်ဆိုင်သောပညာရပ်များကို တက်ရောက်သင်ယူနိုင်ပါသည်။ သင်စိတ်ဝင်စားသောကျောင်းနှင့် ဘာသာရပ်များထပ်တူကျရန် နှင့် စိတ်လှုပ်ရှားဖွယ် ယဉ်ကျေးမှုပေါင်းစုံအတွေ့အကြုံတို့ကို ကမ္ဘာ့အတော်ဆုံးဆရာများမှ သင်ပေးမည်ဖြစ်သည်။

ကနေဒါနိုင်ငံတွင် နေထိုင်ခွင့် နှင့် ပညာသင်ကြားခွင့်

ကနေဒါနိုင်ငံတွင် ပညာသင်ကြားရန် study permit (သို့မဟုတ်) visitor visa ရရှိရန် လိုအပ်ပါသည်။
ပညာသင်ကြားရန်စတင်ပြင်ဆင်ပါ။

ှStudy permit မလျှောက်မှီ ၎င်းနှင့်သက်ဆိုင်သောလိုအပ်ချက်များကိုဦးစွာရှာဖွေရမည် ဖြစ်သည်။

မိမိ၏ အရည်အချင်းကိုဆန်းစစ်ရပါမည်။

Study Permit လျှောက်ထားရန်။

Study permit အားသက်တမ်းတိုးခြင်း

သင်သည်သင်၏လက်ရှိ permit သက်တမ်းကုန်ဆုံးရန် မတိုင်မှီအနည်းဆုံးရက် (၃၀) အလိုတွင် သက်တမ်းတိုးချဲ့လျှောက်ထားရန် လိုအပ်ပါသည်။

ကျောင်းတက်နေစဉ်အတွင်းအလုပ်လုပ်ခြင်း

ကျောင်းသားတစ်ဦးအဖြင့် ကနေဒါ၌ကျောင်းတက် နေစဉ်အတွင်းဧည့်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေး (CIC’s) ၏ခွင့်ပြုချက်ရရှိထားသော အလုပ်အကိုင်များကို မည်သည့်နိုင်ငံသား မဆို လျှောက်ထားလုပ်ကိုင်နိုင်ပါသည်။ ကိစ္စအများစုအတွက်မူသင်သည် work permit လျှောက် ထားရန်လိုအပ်ပါသည်။ အကယ်၍သင်သည် ကောလိပ် (သို့မဟုတ်) တက္ကသိုလ်ကဲ့သို့သော Post-secondary ကျောင်းများတွင် အချိန်ပြည့်ကျောင်းသားတစ်ယောက်အနေဖြင့် ပညာဆည်းပူး နေကာအလုပ်လုပ်ရန် ခွင့်ပြုချက် မယူထားသူဖြစ်နေပါကကျောင်းရှိ campus များတွင် အလုပ်လုပ် နိုင်ပါသည်။ ထို့အတူ Quebec ရှိ college d`enseignement general et professionnel (CEGEP) တွင်လည်းထိုအခွင့်အရေးအား ရရှိမည်ဖြစ်သည်။ CEGEP သည် ကိုယ်ပိုင် post-secondary ကျောင်းတစ်ခု ဖြစ်သော်လည်း အစိုးရကျောင်းများကဲ့သို့ပင် တူညီသောစည်းမျဉ်း စည်းကမ်းမျာထားရှိကာသင်ကြားမှုအစုစု၏ ကုန်ကျစရိတ်များမှ အနည်းဆုံး (50) ရာခိုင်နှုန်းကို အစိုးရထံမှလက်ခံရရှိသည်။

ဘွဲ့ရပြီးနောက်ကနေဒါတွင်နေထိုင်ခြင်း

သင်သည်ကျောင်းမှဘွဲ့ရပြီးနောက် ကနေဒါနိုင်ငံတွင် အမြဲတမ်းနေထိုင်သူအဖြစ်သော်လည်းကောင်း (သို့မဟုတ်) အလုပ်ရှာရန်သော်လည်းကောင်းနေထိုင်နိုင်ပါသည်။ အကယ်၍ အလုပ်လုပ်မည်ဟု ရည်ရွယ်ချက်ရှိပါက work permit အား Post-Graduation Work Permit Program (PGWPP) တွင် လျှောက်ထားရမည်ဖြစ်သည်။ သို့မဟုတ် အမြဲတမ်းနေထိုင် သူအဖြစ် ကနေဒါနိုင်ငံတွင် နေထိုင်လိုပါက ထိုနေထိုင်ခွင့်နှင့်သက်ဆိုင်သော လိုအပ်ချက်များအား သိရှိနိုင်သော programs များလည်းရှိပါသည်။