ကလေးဗီဇာ

သစတြေးလျမိဘတစ်ယောက်၏ အသက်ဆယ့်ရှစ်နှစ်အောက်မှီခိုကလေးများအတွက် ဗီဇာအမျိုးမျိုး ရှိပါသည်။

   • • ဗီဇာ (subclasses 101 and 802) တွင်အကျုံးဝင်သော ကလေးများ –သစတြေးလျနိုင်ငံ သားတစ်ယောက်(သို့မဟုတ်) အမြဲတမ်းနေထိုင်ခွင့် ဗီဇာကိုင်ဆောင် ထားသောမိဘ၏ ကလေးများ။

   •  ဗီဇာ (subclass 445) တွင် အကျုံးဝင်သော မှီခိုကလေး – ယာယီ partner ဗီဇာကိုင်ထား သော မိဘ၏မှီခိုကလေးများအတွက် ယာယီဗီဇာ။

   •ဗီဇာ (subclass 102) တွင် အကျုံးဝင်သော မွေးစားကလေးများ – သြစတြေးလျနိုင်ငံသား (သို့မဟုတ်) အမြဲတမ်းအခြေချနေထိုင်ခွင့် ဗီဇာအားကိုင်ဆောင်ထားသူ (သို့မဟုတ်) ENZ ဗီဇာကိုင် ဆောင်ထားသော နိုင်ငံသား၏မွေးစားကလေးများ။

   • ဗီဇာ (subclasses 837 and 117) တွင် အကျုံးဝင်သော ဆွေမျိုးမိဘမဲ့ကလေးများ – သစတြေးလျ နိုင်ငံသား (သို့မဟုတ်) အမြဲတမ်းအခြေချနေထိုင်ခွင့်ရရှိထားသောသူ (သို့မဟုတ်) ENZ နိုင်ငံသား တစ်ယောက်၏ ဆွေမျိုးမိဘမဲ့ကလေးများ။

မိဘများအတွက် ဗီဇာ

အောက်တွင်ဖော်ပြထားသော ဗီဇာများမှာ မိမိ၏ကလေးများသည် သြစတြေးလျနိုင်ငံသား များဖြစ်သော မိဘများအတွက်ပင်ဖြစ်သည်။ လျှောက်ထားသူများမှ မိမိတို့၏ကလေးထက်ဝက် ကျော်သည် ဩစတြေးလျနိုင်ငံတွင် အမြဲနေထိုင်နိုင်ရန်လိုအပ်သည်ဆိုသော family test အား ဖြေဆိုကြရမည်။ မိဘဗီဇာနှင့်အတူ သြစတြေးလျနိုင်ငံသို့ပြောင်းရွေ့နေထိုင်ရန် ရောက်ရှိလာ သော သူများသည် စိတ်ချရသော နေထိုင်ခွင့်အချိန်ကာလ အပိုင်းအခြားအတွက်  သြစတြေးလျနိုင်ငံ၏ လူမှုဖူလုံရေးစနစ်မှ ၀င်ရောက်ရန် ကန့်သတ်ချက်ခြင်း ခံရလိမ့်မည်။ မိဘများရရှိနိုင်သော ဗီဇာများမှာ

 • ဗီဇာ ( subclass 103) တွင် အကျုံးဝင်သော  – သစတြေးလျနိုင်ငံသားတစ်ယောက် (သို့မဟုတ်) တရားဝင်အခြေကျနေထိုင်လျက် ရှိသောသူများ (သို့မဟုတ်) ENZ ဗီဇာနှင့်နေထိုင်သော နိုင်ငံသားများ၏မိဘများ။

 • ဗီဇာ (subclass 804) တွင်အကျုံးဝင်သော သက်ကြီးမိဘ–  သြစတြေးလျနိုင်ငံတစ်ယောက် (သို့မဟုတ်) တရားဝင်အခြေကျနေထိုင်လျက်ရှိသောသူ (သို့မဟုတ်) ENZ နိုင်ငံသား၏ မိဘများ။   

• ဗီဇာ (subclass 864 and 884) တွင်အကျုံးဝင်သော ထောက်ပံ့ခံသက်ကြီးမိဘ– သစတြေးလျနိုင်ငံသားတစ်ယောက် (သို့မဟုတ်) တရားဝင်အခြေကျနေထိုင်လျက်ရှိသောသူ (သို့မဟုတ်) ENZ နိုင်ငံသား၏ မိဘများ။ ဤဗီဇာမှာ ကုန်ကျစရိတ်များသော်လည်း လွယ်ကူလျှင်မြန်စွာ ရရှိသည်။

 • ဗီဇာ (subclass 143 and 173) အကျုံးဝင်သော ထောက်ပံ့ခံသက်ကြီးမိဘ– သြစတြေးလျနိုင်ငံသားတစ်ယောက်၏ သက်ကြီးမိဘများ၊ တရားဝင်အခြေကျနေထိုင်လျက်ရှိ သောသူ (သို့မဟုတ်) ENZ နိုင်ငံသား၏ မိဘများ။ ဤဗီဇာမှာ ကုန်ကျစရိတ်များသော်လည်း လွယ်ကူလျှင်မြန်စွာ ရရှိသည်။

အခြားသောဆွေမျိုးများ

 • ဗီဇာ (subclass 114 and 838) တွင်အကျုံးဝင်သော သက်ကြီးမှီခိုသူများ –သြစတြေးလျနိုင်ငံသားတစ်ယောက် (သို့မဟုတ်) တရားဝင်အခြေချနေထိုင်သူ (သို့မဟုတ်) ENZ နိုင်ငံသား တစ်ယောက်အား မှီခိုနေသော လက်မထပ်ရသေးသောသ၊ူ မိန်းမ/ယောင်္ကျားကွယ်လွန်၍ ကျန်ရစ်ခဲ့သူ၊ တရားဝင်ကွာရှင်းပြတ်ရှင်းပြီးခဲ့သူ (သို့မဟုတ်) တရားဝင် အတူတကွနေထိုင်မှုအား ရပ်ဆိုင်းခဲ့သူများ။

 • ဗီဇာ (subclass 116 and 836) တွင်အကျုံးဝင်သော ပြုစုစောင့်ရှောက်ရမည့်သူများ– သြစတြေးလျနိုင်ငံသားတစ်ယောက် (သို့မဟုတ်) တရားဝင်အခြေချနေထိုင်သူ (သို့မဟုတ်) ENZ နိုင်ငံသား တစ်ယောက်၏ ဆေးကုသမှုခံယူရမည့်ဆွေမျိုး (သို့မဟုတ်) မိသားစုဝင်များ တွင် ဆေးကုသမှုခံယူရန် လိုအပ်နေသူများ။

 • ဗီဇာ (subclass 115 and 835) တွင်အကျုံးဝင်သော ကျန်ရှိဆွေမျိုး– သစတြေးလျနိုင်ငံသားတစ်ယောက် (သို့မဟုတ်) တရားဝင်အခြေချနေထိုင်သူ (သို့မဟုတ်) ENZ နိုင်ငံသား တစ်ယောက်၏ နောက်ဆုံးကျန်ရှိသော ဆွေမျိုးများ။

 • ဗီဇာ (subclass 801) တွင် အကျုံးဝင်သော လက်တွဲဖော်များ– ဤဗီဇာမှာ သြစတြေးလျနိုင်ငံ သားတစ်ယောက် (သို့မဟုတ်) တရားဝင်အခြေချနေထိုင်သူ (သို့မဟုတ်) ENZ နိုင်ငံသား တစ်ယောက် နှင့် လက်ထပ်ထားသောသူ (သို့မဟုတ်) လက်မထပ်ထားသော်လည်း အတူတူနေထိုင် သောသူများအတွက် တရားဝင်ဗီဇာပင်ဖြစ်သည်။